အနန္တတန်ခိုးရှင်ဘုရားသခင်ပြောသည်- "မေရှိယကို မသိခဲ့သောသူခပ်သိမ်းသည် ယေရှုကိုဆန့်ကျင်ခြင်း၊ ယေရှုကိုငြင်းပယ်ခြင်း၊ သူ့ကို အသရေဖျက်ခြင်းများ လုပ်နိုင်စွမ်းရှိသည်။ ယေရှုကို နားမလည်သူခပ်သိမ်းသည် သူ့ကို ငြင်းပယ်ခြင်းနှင့် သူ့ကို ဝေဖန်ပုတ်ခတ်ခြင်းများ ပြုနိုင်စွမ်းရှိသည်။ ထို့အပြင် ၎င်းတို့အားလုံးသည် ယေရှုတစ်ဖန်ကြွလာခြင်းကို စာတန်၏ လှည့်ဖြားမှုဟု မြင်နိုင်စွမ်းရှိကြပြီး ယေရှုခရစ် လူ့ဇာတိတစ်ဖန်ခံယူ၍ ပြန်လာခဲ့သည်ကို သာ၍များသောသူများက ရှုတ်ချလိမ့်မည်။ ဤအရာအားလုံးက သင်တို့ကို ကြောက်ရွံ့စိတ် မပေါ်စေသလော။ သန့်ရှင်းသောဝိညာဉ်တော်ကို ပြစ်မှားခြင်း၊ သန့်ရှင်းသောဝိညာဉ်တော်မှ အသင်းတော်တို့ကို ပြောသည့်နှုတ်ကပတ်တော်များကို ယိုယွင်းပျက်စီးစေခြင်းနှင့် ယေရှုထုတ်ဖော်ပြောဆိုခဲ့သည့် အရာခပ်သိမ်းကို ပစ်ပယ်ခြင်းတို့နှင့် သင်တို့ရင်ဆိုင်ရမည်။ အကယ်၍ သင်တို့သည် ဤမျှစိတ်ရှုပ်ထွေးနေပါက ယေရှုထံမှ မည်သည့်အရာရနိုင်မည်နည်း။ သင်တို့၏အမှားများကို အသိအမှတ်ပြုရန် ခေါင်းမာစွာ ငြင်းဆိုပါက ဖြူသောမိုးတိမ်ပေါ်မှ လူ့ဇာတိသို့ ယေရှုပြန်ကြွလာချိန်တွင် သူ၏ အမှုတော်ကို သင်တို့သည် မည်သို့နားလည်နိုင်မည်နည်း။ သမ္မာတရားကို လက်မခံသော်လည်း ဖြူသောမိုးတိမ်ပေါ်မှ ယေရှုကြွလာသည်ကို ဆင်ကန်းတောတိုးစောင့်သူတို့သည် သန့်ရှင်းသောဝိညာဉ်တော်ကို ပြစ်မှားမည်မှာသေချာပြီး ထိုသူတို့သည် ပျက်စီးခြင်းသို့ရောက်မည့် အမျိုးအစားဖြစ်ကြောင်း ငါသင်တို့ကိုပြော၏။"
အကြံပြုစာမျာ: တရုတ်နိုင်ငံတွင် နောက်ဆုံးသောကာလ၌ ခရစ်တော်ပေါ်လာခြင်းနှင့် ခရစ်တော်၏အမှုတော် နောက်ခံအကြောင်း နိဒါန်းအကျဉ်းချုပ်
No comments:
Post a Comment