菜單

မူလစာမျက်နှာ သတင်းအချက်အလက် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူ လွတ်လပ်မှန်ကန်တဲ့လူ့အခွင့်အရေး ကယ်တင်ရှင်ပြန်ကြွလာပြီ ဧဝံဂေလိတရားတော် ကောင်းကင်နိုင်ငံတော်သီချင်း အမှန်တရားကို ဖေါ်ထုတ်ခြင်း နိုင်ငံတော် ချီးမွမ်းခြင်း တေးဂီတ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖတ်ကြားခြင်းများ
Showing posts with label ဧဝံဂေလိ စာအုပ်. Show all posts
Showing posts with label ဧဝံဂေလိ စာအုပ်. Show all posts

12/10/2018

Myanmar Gospel Song 2018 (ဘုရားသခင်၏ အမှုတော်ကို သိပါသလား)



I

လူ့ဇာတိ၌ ဘုရားသခင်၏အမှုတော်သည်
ခမ်းနားဆန်းကြယ်မှုလည်း မရှိ၊
လျို့ဝှက်ဆန်းကြယ်မှုလည်း မပါ
တစ်နှင့်တစ်ပေါင်း နှစ်ပမာ သဘာဝကျ ပြီးမှန်ကန်သည်
ဝှက်ထားမှုမရှိ၊ လှည့်စားခြင်းကင်းမဲ့သည်
လူတို့ မြင်တွေ့သမျှ သည် အစစ်အမှန်ဖြစ်သကဲ့သို့
အမှန်တရားနှင့်
သူတို့ရရှိသောအသိအမြင်သည်လည်း အစစ်အမှန်ဖြစ်သည်
အမှုပြီးဆုံးသောအချိန်၌
သူတို့ ဘုရားအကြောင်း သိမြင်မှု ပြန်ဆန်းသစ်လိမ့်မည်
ဘုရားကို အမှန်တကယ် ရှာဖွေသော
သူတို့၏အယူအဆအားလုံး ကွယ်ပျောက်လိမ့်မည်
ထိုအချက်သည် တရုတ်လူမျိုးအပေါ်
ဘုရားအမှုတော်မြတ်၏ အကျိုးရလဒ်သာမဟုတ်
ဘုရားသခင်၏ လူသားအားလုံး သိမ်းပိုက်ခြင်းအမှုကို
ထင်ဟပ်စေသည်
ဘုရား၏လူသားအားလုံး သိမ်းပိုက်ခြင်းအမှုကို
ထင်ထပ်စေသည်

11/20/2018

ရုပ်ရှင်ဇာတ်လမ်းတိုမျာ၃ ဘုရားသခင်ရဲ့လုပ်ဆောင်မှုတွေ နှုတ်ကပတ်တော်တွေဟာ သမ္မာကျမ်းစာအပြင် မရှိတော့ဘူးလား


ဘာသာရေးအသိုင်းအဝိုင်းကလူအများစုဟာ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်အားလုံး သမ္မာကျမ်းစာထဲမှာပဲရှိပြီး သမ္မာကျမ်းစာကလွဲပြီး တခြားနေရာတွေမှာ ဘုရားသခင်ရဲ့လုပ်ဆောင်မှုတွေနှုတ်ကပတ်တော်တွေမရှိဘူးလို့ ယုံကြည်နေကြပါတယ်။ ကိုယ်တော် ပြန်ကြွလာခြင်းနဲ့ ပတ်သက်တဲ့ သူ့ရဲ့စကားတော်တွေကို သမ္မာကျမ်းစာပြင်ပမှာ သူတို့ မရှာဖွေခဲ့ကြပါဘူး။ သူတို့ဒီလိုအတွေးတွေနဲ့ သခင်ပြန်လာတဲ့အခါ ခရီးဦးကြိုပြုနိုင်ပါ့မလား။ ဘုရားသခင်ကို သမ္မာကျမ်းစာထဲမှာပဲ စကားတွေမိန့်ကြားဖို့ ကန့်သတ်လို့ရနိုင်ပါသလား။ သမ္မာကျမ်းစာမှာ ဆိုထားပါတယ် “ယေရှုပြုတော်မူသော အခြားအမှုအရာအများ ရှိ သေး၏။ ထိုအမှုအရာရှိသမျှတို့ကို အသီးအခြားရေးထားလျှင်၊ မြေကြီးမဆံ့နိုင်အောင် ကျမ်းစာများပြားလိမ့်မည် ဟု ထင်မှတ်ခြင်းရှိ၏” (ရှင်ယောဟန် ၂၁:၂၅ )။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေမှာ "သမ္မာကျမ်းစာထဲတွင် မှတ်သားထားသည်များ အားလုံးသည် အကန့်အသတ်ရှိပြီး၊ ဘုရားသခင်၏ လုပ်ဆောင်မှု အားလုံးကို ကိုယ်စားမပြုနိုင်ပေ။"ဟု မိန့်ဆိုခဲ့ပါတယ်။ (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏) မှ

များပြားသောအကြံပြုချက်များ ဧဝံဂေလိ စာအုပ်

11/17/2018

Myanmar Christian Movie 2018 (ဘယ်သူက ဘုရားသခင်ကို လက်ဝါးကပ်တိုင်မှာသံနဲ့ထပ်ပြီးရိုက်နေတာလဲ)


ကူရှိုချန်းဟာ တရုတ်နိုင်ငံက အိမ်ဘုရားကျောင်းတစ်ခုမှာ သင်းအုပ်ဆရာဖြစ်ပါတယ်။ သူဟာ နှစ်ပေါင်းများစွာ သခင့်ကို ယုံကြည်သက်ဝင်ပြီး တရားဟောချက်များကို တစ်သမတ်တည်း လုပ်ဆောင်ခဲ့ကာ နှုတ်ကပတ်တော်ကို ဟောပြောခဲ့ခြင်းကြောင့် ၁၂ နှစ်ကြာ အကျဉ်းကျခဲ့ပါတယ်။ အကျဉ်းထောင်မှ လွတ်ပြီးနောက်၊ ကူရှိုချန်းဟာ အသင်းတော်မှာ ဆက်လက်အလုပ်ဝင်ခဲ့ပါတယ်။ ဒါပေမဲ့ ကူရှိုချန်းနှင့် သက်ဆိုင်တဲ့ အသင်းတော်ကို နိုင်ငံတော်ရှိ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် ရောက်ရှိလာတဲ့အခါမှာတော့ သူဟာ ရှာဖွေလေ့လာခြင်း လုံးဝမရှိဘဲ ၊ နောက်ဆုံးသောကာလမှာ ဘုရားသခင်ရဲ့ လက်ရာကို ပြစ်တင်ရှုတ်ချဖို့အတွက် သူ့ရဲ့ ကိုယ်ပိုင်အယူအဆများနဲ့ အထင်အမြင်များကိုသာ ခေါင်းမာမာနဲ့ ယုံကြည်နေခဲ့တယ်။ ပြီးတော့ သက်ဝင်ယုံကြည်သူတို့ကို မှန်ကန်သော လမ်းစဉ်ကို လက်ခံခြင်းကို နှောင့်ယှက်ပိတ်ပင်ဖို့ရန်အလို့ငှာ အယူအဆများနဲ့ ယုတ္တိအမှားများကို ဖြန့်နှံ့ရန် သူအတတ်နိုင်ဆုံး လုပ်ဆောင်တယ်။ အထူးသဖြင့် အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို ဖတ်ရှုပြီးတဲ့နောက် ကူရှိုချန်းဟာ နှုတ်ကပတ်တော်တို့ဟာ အမှန်တကယ် သြဇာအာဏာနဲ့ တန်ခိုးရှိကြပြီး ကြားနာရသူတိုင်း လက်ခံယုံကြည်ကြမည်ကို သိရှိခဲ့ပြီး အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကတပတ်တော်များကို ဖတ်ရှုသူ ဘယ်သူမဆို ဘုရားသခင်ကို ယုံကြည်သက်ဝင်သွားမည်ကို အလွန်အမင်း ကြောက်ရွံ့ခဲ့တယ်။ သူရဲ့ဂုဏ်ဒြပ်နဲ့ သူ့အသက်မွေးဝမ်းကြောင်းကို ဆက်လက်မထိန်းထားနိုင်မည်ကို ပူပင်ခဲ့တယ်။ ဒါကြောင့် ဒီကိစ္စကို သင်းထောက်ဝမ်စင်းအပါအဝင်၊ တခြားလူများနဲ့ ဘုရားကျောင်းထဲမှာ တိုင်ပင်ခဲ့ပြီး တရုတ်ကွန်မြူနစ်အစိုးရ အသုံးပြုတဲ့ ကောလာဟလများနဲ့ လူတွေကို လှည့်စားကာ ၊ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ပြစ်တင်ရှုတ်ချ တိုက်ခိုက်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ကူရှိုချန်းနဲ့ ဝမ်စင်းတို့ဟာ အသင်းတော်တွေကို ပိတ်သိမ်းဖို့နဲ့ လူများ မှန်ကန်သော လမ်းစဉ်ကို မလိုက်နိုင်ရန် ပိတ်ပင်ဖို့ရန် အဆုံးစွန်ထိ လုပ်ခဲ့ကြတယ်။ သူတို့ဟာ ဆိုးယုတ်တဲ့ တရုတ်ကွန်မြူနစ်ပါတီနဲ့တောင် ပူပေါင်းပြီး ၊ အနန္တတန်ခိုးရှင်ဘုရားသခင်ကို သက်သေခံတဲ့ လူတွေကို ဖမ်းဆီးနှိပ်စက်ခဲ့တယ်။ သူတို့ရဲ့ လုပ်ရပ်တွေဟာ ဘုရားသခင်ရဲ့စိတ်သဘောထားကို ပြင်းပြင်ထန်ထန် ဆန့်ကျင်နေပြီး ဘုရားသခင်ရဲ့ ကျိန်ခြင်းအမင်္ဂလာဖြစ်နိုင်ပါတယ်။ ဝမ်စင်းဟာ နိုင်ငံတော်ရဲ့ သတင်းကောင်းတို့ကို ဖြန့်ဝေနေသူအချို့ကို ဖမ်းဆီးရန် သွားရာလမ်းတွင် ကားမတော်တဆမှုတစ်ခုဖြစ်ခဲ့ပြီး ပွဲချင်းပြီးသေဆုံးခဲ့တယ်။ ကူရှိုချန်းကတော့ ကြောက်လန့်တကြားနဲ့ ကြံရာမရနေထိုင်နေရပြီး ကျီးလန့်စာစားဖြစ်နေပါတော့တယ်။ "ငါ့ရဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်အပေါ် ပြစ်တင်ရှုတ်ချမှုကြောင့် ဘုရားသခင်ဟာ ထပ်မံကားစင်အတင်ခံရလေသလား" လို့ သူ့ကိုယ်သူ မကြာခဏပြောနေတတ်ပါတယ်။

အကြံပြုစာမျာ: ဧဝံဂေလိ စာအုပ်


11/15/2018

Myanmar New 2018 Movie (အိပ်မက်မှ နိုးထလာခြင်း) The Kingdom of God Is On Earth


ယုဖန်း သည် သခင်ယေရှုကို ယုံကြည်သော အခြားသောသူများကဲ့သို့ပင် ဖြစ်သည်၊ သခင်ယေရှု လက်ဝါးကပ်တိုင်တွင် အသတ်ခံရသည့်အခါ သူသည် လူသားတို့၏ အပြစ်များကို ခွင့်လွှတ်ပေးခဲ့ပြီး ဖြစ်ကြောင်း၊ သူမသည် သူမ၏ ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ခြင်းကို ရရှိခဲ့ပြီး သူမအနေဖြင့် အရာခပ်သိမ်းကို စွန့်ကာ သခင့်အတွက် ကြိုးစားလုပ်ဆောင်သမျှ ကာလပတ်လုံး သခင်ယေရှု တဖန်ပြန်ကြွလာသည့်အခါ သူမသည် ကောင်းကင်နိုင်ငံတော်သို့ ကျိန်းသေ ဝင်ရောက်ရလိမ့်မည်ဟု သူမ ထင်မြင်သည်။ သို့သော်လည်း သူမ၏ လုပ်ဖော်ကိုင်ဖက်များက သံသယများကို ဖြစ်ပေါ်စေသည်၊ သခင့်ကို ယုံကြည်ခြင်းဖြင့် ကျွန်ုပ်တို့သည် ခွင့်လွှတ်ခြင်းကို ခံခဲ့ရပြီး သခင့်အတွက် စွန့်လွတ််အနစ်နာခံမှုများကို ပြုပြီး ကျွန်ုပ်တို့ကိုယ်ကို အသုံးပြုနိုင်သော်လည်း ကျွန်ုပ်တို့သည် မကြာခဏ အပြစ်ပြုပြီး သခင်ဘုရားအား အတိုက်အခံလုပ်ကြသည်။ ကျွန်ုပ်တို့သည် ဤပုံစံဖြင့် ကောင်းကင်နိုင်ငံတော်သို့ အမှန် ဝင်ရောက်နိုင်သလော။ …ယုဖန်းသည် အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်မှ သက်သေခံများနှင့် မိတ်သဟာယဖွဲ့ပြီး အချေအတင်ဆွေးနွေးမှုများ ပြုပြီးနောက် သူမသည် သခင်ဘုရား ကြွလာခြင်း နှင့် ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရောက်ခြင်း၏ နက်နဲခြင်းအရာတို့ကို နားလည်လာပြီး နောက်ဆုံးတွင် သူမ၏ အိပ်မက်မှ နိုးထလာတော့သည် …

များပြားသောအကြံပြုချက်များ ဧဝံဂေလိ စာအုပ်

10/17/2018

ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည်

ယုံကြည်ခြင်း, ဧဝံဂေလိ စာအုပ်, ဘုရားသခင်, သမ္မာတရား, ဆုတောင်း

လူသားမျိုးနွယ်အား စီမံခန့်ခွဲခြင်းအမှုကို အဆင့်သုံးဆင့်ခွဲထား၏။ ဆိုလိုသည်မှာ လူသားမျိုးနွယ်အား ကယ်တင်ခြင်းအမှုကို အဆင့်သုံးဆင့် ခွဲထားခြင်းဖြစ်သည်။ ဤအဆင့်သုံးဆင့်တွင် ကမ္ဘာမြေကြီးကို ဖန်ဆင်းခြင်းအမှု မပါဘဲ၊ ထိုအဆင့်တို့မှာ ပညတ်တော်ခေတ်၊ ကျေးဇူးတော်ခေတ်နှင့် နိုင်ငံတော်ခေတ်အမှု၏ အဆင့်သုံးဆင့်တို့ဖြစ်ကြ၏။ ကမ္ဘာမြေကြီးကို ဖန်ဆင်းခြင်းအမှုသည် လူသားမျိုးနွယ်တစ်ရပ်လုံးကို ထုတ်လုပ်ခြင်းအမှုဖြစ်၏။ ထိုအမှုမှာ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှု မဟုတ်ဘဲ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှုနှင့် လုံးဝဆက်စပ်ခြင်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာမြေကြီးကို ဖန်ဆင်းချိန်၌ လူသားသည် စာတန်၏ ဖျက်ဆီးခြင်းကို မခံရသေးသဖြင့် လူသားမျိုးနွယ်အား ကယ်တင်ခြင်းအမှုကို ဆောင်ရွက်ရန် မလိုအပ်ခဲ့ပေ။ လူသားမျိုးနွယ်သည် စာတန်၏ ဖျက်ဆီးခံရသည့်အခါတွင်မှ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှု စတင်ခဲ့သည်။ ထို့ကြောင့် လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်း အမှုသည်လည်း လူသားမျိုးနွယ်အနေနှင့် ဖျက်ဆီးခံရပြီးသည့်အခါတွင်မှ စတင်ခဲ့သည်။ တစ်နည်းအားဖြင့်ဆိုလျှင် ဘုရားသခင်၏ လူသားအပေါ်စီမံခန့်ခွဲခြင်းသည် လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှု၏ ရလဒ်အဖြစ် စတင်ခဲ့ခြင်းဖြစ်ပြီး၊ ကမ္ဘာမြေကြီးကို ဖန်ဆင်းခြင်းအမှုမှ ပေါ်ပေါက်လာခြင်း မဟုတ်ပေ။ လူသားမျိုးနွယ်က ဖောက်ပြန်သည့် စိတ်နေသဘောထားကို ရရှိခဲ့ပြီးနောက်မှသာ စီမံခန့်ခွဲသည့်အမှု ဖြစ်ပေါ်လာသည်။ ထို့ကြောင့် လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်းအမှုတွင် အဆင့်လေးဆင့်၊ သို့မဟုတ် ခေတ်လေးခေတ်အစား အပိုင်းသုံးပိုင်း ပါရှိသည်။ ဤသည်သာလျှင် ဘုရားသခင်၏ လူသားအပေါ် စီမံခန့်ခွဲခြင်းအမှုကို မှန်ကန်စွာ ရည်ညွှန်းသည့်နည်းဖြစ်သည်။ နောက်ဆုံးသောခေတ်ပြီးဆုံးချိန်တွင် လူသားမျိုးနွယ်အပေါ် စီမံခန့်ခွဲခြင်းအမှုသည် ပြည့်စုံစွာ ပြီးဆုံးခဲ့ပြီး ဖြစ်လိမ့်မည်။ စီမံခန့်ခွဲခြင်းအမှု ပြီးဆုံးခြင်းသည် လူသားမျိုးနွယ်အားလုံးကို ကယ်တင်သည့်အမှု လုံးဝပြီးဆုံးသွားကာ လူသားမျိုးနွယ်သည် ၎င်း၏ခရီးလမ်းဆုံးသို့ ရောက်ခဲ့ပြီးဖြစ်သည်ဟု ဆိုလို၏။ လူသားမျိုးနွယ်အားလုံးကို ကယ်တင်သည့်အမှု မရှိပါက လူသားမျိုးနွယ်ကို စီမံခန့်ခွဲသည့်အမှု ရှိမည်မဟုတ်ပါ။ အမှု၏ အဆင့်သုံးဆင့်သည်လည်း ရှိမည်မဟုတ်ပါ။ အတိအကျအားဖြင့် ဤသည်မှာ လူသားမျိုးနွယ်၏ စာရိတ္တပျက်ပြားမှုကြောင့်နှင့် လူသားမျိုးနွယ်သည် ကယ်တင်ခြင်းကို အရေးတကြီး လိုအပ်နေသောကြောင့် ယေဟောဝါသည် ကမ္ဘာမြေကြီးအား ဖန်ဆင်းခြင်းကို အဆုံးသတ်ခဲ့ကာ ပညတ်တော်ခေတ်၏ အမှုကို စတင်ခဲ့၏။ ထိုအခါတွင်မှ လူသားမျိုးနွယ်ကို စီမံခန့်ခွဲသည့်အမှု စတင်ခဲ့၏။ ထိုအခါတွင်မှ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှု စတင်ခဲ့၏ဟု ဆိုလိုခြင်းဖြစ်သည်။ "လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်း" ဟူသည်မှာ ကမ္ဘာမြေကြီးပေါ်တွင် အသစ်ဖန်ဆင်းထားသည့် လူသားမျိုးနွယ် (ဆိုလိုသည်မှာ ဖျက်ဆီးမခံရသေးသည့် လူသားမျိုးနွယ်) ၏အသက်တာကို လမ်းပြခြင်းဟု မဆိုလိုပါ။ စင်စစ်အားဖြင့် ယင်းမှာ စာတန်၏ ဖျက်ဆီးခြင်းကို ခံခဲ့ရသော လူသားမျိုးနွယ်ကို ကယ်တင်ခြင်းဖြစ်၏။ တစ်နည်းအားဖြင့်ဆိုသော် ဖောက်ပြန်နေသော ဤလူသားမျိုးနွယ်ကို ပြောင်းလဲရန်ဖြစ်၏။ ဤသည်မှာ လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်း၏ အဓိပ္ပာယ်ဖြစ်သည်။ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှုတွင် ကမ္ဘာမြေကြီးကို ဖန်ဆင်းသည့်အမှုမပါပေ။ ထို့ကြောင့် လူသားမျိုးနွယ်ကို စီမံခန့်ခွဲသည့်အမှုတွင် ကမ္ဘာမြေကြီးကို ဖန်ဆင်းသည့်အမှု မပါဝင်ဘဲ ကမ္ဘာမြေကြီးကို ဖန်ဆင်းခြင်းအမှုမှ သီးခြားဖြစ်သော အမှုအဆင့်သုံးဆင့်သာ ပါဝင်၏။ လူသားမျိုးနွယ်အား စီမံခန့်ခွဲခြင်းအမှုကို နားလည်ရန် အမှု၏အဆင့်သုံးဆင့်နှင့်ဆိုင်သည့် နောက်ခံသမိုင်းကို သိရှိရန်လိုအပ်သည်၊ ဤသည်မှာ ကယ်တင်ခံရရန် လူတိုင်းသိရမည့်အရာဖြစ်၏။ ဘုရားသခင်၏ ဖန်ဆင်းခံသတ္တဝါများအနေဖြင့် လူသားကို ဘုရားသခင်က ဖန်ဆင်းထားကြောင်းကို သင်တို့သိသင့်၍ လူသားမျိုးနွယ်၏ ဖောက်ပြန်ခြင်း အရင်းအမြစ်ကို သိသင့်သည့်အပြင် လူသား၏ ကယ်တင်ခြင်း လုပ်ငန်းစဉ်ကို သိသင့်သည်။ ဘုရားသခင်ထံမှ မျက်နှာသာရရှိရေးအတွက် အယူဝါဒနှင့်အညီ မည်သို့ပြုမူရမည်ကိုသာ သင်တို့သိ၍ လူသားမျိုးနွယ်ကို ဘုရားသခင်က မည်သို့ကယ်တင်သည်ကိုဖြစ်စေ၊ လူသားမျိုးနွယ် ဖောက်ပြန်ခြင်း၏ အရင်းအမြစ်ကိုဖြစ်စေ၊ အရိပ်အမြွက်မျှပင် မသိပါက ဤသည်မှာ ဘုရားသခင်၏ဖန်ဆင်းခံသတ္တဝါအနေနှင့် သင်တို့တွင် ကင်းမဲ့နေသည့်အရာဖြစ်၏။ သင်သည် ဘုရားသခင်၏ စီမံခန့်ခွဲခြင်းအမှုဆိုင်ရာ ပိုမိုကျယ်ပြန့်သော နယ်ပယ်အကြောင်းကို မသိဘဲနေလျက် လက်တွေ့ကျင့်သုံးနိုင်သည့် သမ္မာတရားများကို နားလည်ခြင်းဖြင့် ကျေနပ်၍သာ မနေသင့်ပါ၊ ဤသို့ဖြစ်ပါက သင်သည် တယူသန်ဆန်လွန်း၏။ အမှုအဆင့်သုံးဆင့်သည် လူသားအပေါ် ဘုရားသခင်စီမံခန့်ခွဲမှု၏ အတွင်းဇာတ်လမ်း၊ စကြဝဠာတစ်ခုလုံး၏ ဧဝံဂေလိတရားရောက်ရှိခြင်း၊ လူသားမျိုးနွယ် အားလုံးအကြား အကြီးမားဆုံးသော နက်နဲမှုနှင့် ဧဝံဂေလိတရား ဖြန့်ဝေခြင်း၏ အခြေခံလည်းဖြစ်၏။ သင်သည် သင့်အသက်တာနှင့် သက်ဆိုင်သည့် လွယ်ကူရိုးရှင်းသော သမ္မာတရားများအား နားလည်ရေးကိုသာ အဓိကထား၍ နက်နဲမှုများနှင့် ရူပါရုံများအနက် အကြီးမြတ်ဆုံး ဤအကြောင်းကို ဘာမျှမသိပါက သင်၏အသက်တာသည် ကြည့်ဖို့မှလွဲ၍ မည်သည့်အတွက်မျှ မကောင်းသော ချွတ်ယွင်းနေသည့် ထုတ်ကုန်ပစ္စည်းတစ်ခုနှင့် တူနေသည် မဟုတ်ပါလော။